Showing posts with label okrso school. Show all posts
Showing posts with label okrso school. Show all posts

Wednesday, January 14, 2009

okrso school

13/3/2007 MAE SOT OKRSO School
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ (၁၅) ကီလိုမီတာခန့်အကွာရှိ မြန်မာနိုင်ငံသားများနေထိုင်ရာ ကျေးရွာတရွာကို တရားမ၀င်ကျူးကျော်နေရာဟုဆိုကာ တာ့ခ်ခရိုင်ဝန်အမိန့်ဖြင့် ယမန်နေ့၌ ဖြိုဖျက်ရှင်းလင်းသည်။
လူဦးရေ (၂၀၀) ခန့်နေထိုင်သည့် ကျောက်စက်ကျေးရွာရှိ အိမ်ခြေ (၅၀) ခန့်ကို ဒေသဆိုင်ရာ ကွပ်ကဲရေးတပ် စစ်သည်များနှင့် မဲဆောက်မြို့ပိုင်ရုံးမှ တာဝန်ရှိသူများကဦးဆောင်ကာ မြေထိုး စက်များဖြင့် ဖြိုဖျက်သည်။
ထိုရွာမှ လူကြီး (၆၀) ခန့်နှင့် ကလေးငယ် (၁၄၀) ခန့်တို့ကို ယခုလ (၁၁) ရက် နံနက်စောစော၌ ဒေသခံထိုင်းအာဏာပိုင်များက ဖမ်းဆီးသွားပြီး လူဝင်မှုကြီးကြပ်ရေးရုံးမှတဆင့် မြန်မာနိုင်ငံ မြ၀တီဖက်ကမ်းသို့ ပို့ဆောင်လိုက်သည်။
ယခုအခါ ၎င်းတို့ကို မြ၀တီဖက်ကမ်းရှိ DKBA ဖားသုံးကောင်ဘုန်းကြီးကျောင်းဆရာတော်က လက်ခံကျွေးမွေးထားသည်။
ယမန်နေ့ ထိုင်းအာဏာပိုင်များက ရွာဖျက်ချိန်တွင် ဒေသခံများက ကားကြီးကားငယ်များဖြင့် ရောက်ရှိလာပြီး ဖြိုချခံရသည့်အိမ်များမှ အိမ်တိုင်၊ အခင်း၊ အမိုးအကာနှင့် အိမ်မိုးဖက်များကို လာရောက်သယ်ဆောင်သွားကြသည်ဟု ထိုရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကပြောသည်။
ရွာဖျက်ရာတွင်ပါဝင်သည့် ထိုင်းစစ်တပ်မှ ဗိုလ်ကြီး နိုင်ပီချာချုံချုပ်က “ရွာသားတွေနဲ့ ကလေးတွေကို သနားပါတယ်။ အထက်တာ့ခ်ခရိုင်ဝန်ရဲ့ အမိန့်ဖြစ်တာကြောင့် ကျနော်တို့လည်း တာဝန်အရလုပ်ရ တာဖြစ်တယ်” ဟု ပြောကြားသည်။
ကျောက်စက်ကျေးရွာ၌ ရွာသားများနေထိုင်လာကြသည်မှာ (၂၅) နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုဖမ်းဆီးမှုနှင့် ရွာဖျက်ခံရခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်ဟု ထိုရွာသား ကျောက်မိုင်းလုပ်သား တဦးက ပြောသည်။
ရွာသားများမှာ ရွာရှိကျောက်မိုင်းတွင် အလုပ်လုပ်ကြပြီး အချို့က တောင်ယာစိုက်ခင်းများတွင် ကျပန်းအလုပ်များ လုပ်ကိုင်ကြကာ ကလေးငယ်များမှာ ရွာတွင်ဖွင့်လှစ်ထားသည့် ကျောက်တောင် မူလတန်းကျောင်း၌ ပညာသင်ကြားကြသည်။
ယနေ့ နေ့လယ်၌ ထိုမူလတန်းကျောင်းအား မြေထိုးစက်ဖြင့်ဖြိုဖျက်ရန် ထိုင်းစစ်သည်များ ရောက်ရှိလာသော်လည်း မဲဆောက်မြို့ ပညာရေးဌာနများက ၀ိုင်းဝန်းမေတ္တာရပ်ခံထားကြောင်း၊ ကျောင်းဖြိုဖျက်မည့်ရက် အတိအကျမသိရသေးကြောင်း ကျောင်းတာဝန်ခံ ဆရာစောစိန်ဟန်က ပြောသည်။
သူငယ်တန်းမှ (၆) တန်းအထိ ကျောင်းသူကျောင်းသား (၁၉၅) ဦးကို သင်ကြားပေးနေသည့် ယင်းအ ခမဲ့မူလတန်းကျောင်းကို ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) က ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။