Showing posts with label အမျိုးသမီး. Show all posts
Showing posts with label အမျိုးသမီး. Show all posts

Monday, December 22, 2008

မြန်မာအမျိုးသမီး၇ ဦးသေဆုံး

မြန်မာ အမျိုးသမီး ၇ ဦး ထိုင်းတွင် သေဆုံး

ထိုင်းရဲက တားဆီးသည်ကို လက်မခံဘဲ မောင်းပြေး သောကြောင့် ယဉ်တိုက်မှု ဖြစ်ကာ ယာဉ်ပေါ် ပါလာသော မြန်မာ အမျိုးသမီး ၇ ဦးနှင့် ထိုင်းအမျိုသား ၁ ဦးတို့ ယမန်နေ့က သေဆုံးခဲ့ ရသည်။ယဉ်ပေါ် ပါလာသူ အမျိုးသမီးများမှာ ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့ပြီး အလုပ်ရှာဖွေရန် ရောက်ရှိ လာသူများဖြစ်၍ မွန်နှင့် ထားဝယ် တိုင်းရင်းသူများ ဖြစ်ကြကြောင်း ကြားသိရသည်။ထိုင်း-မြန်မာ နယ်စပ်အနီး ကန်ချနဘူရီ နယ်အတွင်းရှိ အကြီးဆုံးသော စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်စဉ် ထိုင်းရဲများက ကားကိုစစ်ဆေးရန် ရပ်တံ့စေရာ မရပ်ဘဲ မောင်းပြေးသဖြင့် ဓာတ်တိုင်နှင့် ဝင်တိုက်မိပြီး သေဆုံးရသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။“အဲဒီ လမ်းကြောင်းက တရားမဝင် ခိုးဝင်တဲ့ သူတွေသွားတဲ့ လမ်းကြောင်းပဲ။ အဲဒီဂိတ်ကြီး မတိုင်ခင် ဂိတ်တခု ရှိသေးတယ်။ ပထမဂိတ်မှာ အဲဒီကား လွတ်သွားပုံရတယ်” ဟု ထိုဒေသနှင့် ကျွမ်းဝင်နီးစပ်သူ တဦးက ပြောပြသည်။ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်း အလုပ်သမား ၅၄၀၀၀၀ မှတ်ပုံတင်ထားပြီး အများစုမှာ မြန်မာများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်နေသူ ဦးရေမှာ သန်းနှင့်ချီ၍ ရှိကြောင်း သိရှိရသည်။ဧပြီလ အတွင်းကလည်း ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာသည့် အလုံပိတ် အအေးခန်း ကားတစီးထဲတွင် သယ်ဆောင်လာသော တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ကလေး၊ လူကြီး ၅၄ ဦး အသက်ရှူ မွန်းကြပ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။မြန်မာပြည်တွင် အလုပ်အကိုင် ရှားပါးခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ကာ အလုပ်လုပ်ရန် လာရောက်သူများ နေ့စဉ်ရှိနေပြီး တချို့မှာ သက်ဆိုင်ရာ နိုင်ငံရဲများ၏ အဖမ်းအဆီး ခံရခြင်း၊ ဒုက္ခမျိုးစုံ ကြုံတွေ့ရခြင်းအပြင် အသက် ဆုံးရှုံးရသည်များ မကြာခဏ ကြားသိရသည်။ထိုင်းနိုင်ငံတွင် လာရောက် အလုပ်အကိုင် ရှာဖွေသော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ခနည်းခြင်း၊ အလုပ်ချိန်များပြားခြင်း တစ်ခါတရံ အနိုင်ကျင့် ခံရခြင်းများ ရှိသည့်ပြင် လက်ရှိ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းကြာင့် အလုပ်သမား လျှော့ချခြင်းများနှင့် ရင်ဆိုင်နေကြရသည်။ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာ နိုင်ငံတွင်း၌ ပြည်ပသို့ တရားဝင် စေလွှတ်ထားသည့် အလုပ်သမားမှာ ၄၆၀၅၇ ဦးသာရှိပြီး တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်သူများမှာ ၂ သန်းခန့် ရှိသဖြင့် သက်ဆိုင်ရာ နိုင်ငံများက ၎င်း အလုပ်သမားများကို ပြန်လည် စေလွှတ်ခဲ့လျှင် ၎င်းတို့အတွက် နေထိုင်စရာနှင့် အလုပ်အကိုင်များ အသင့်ရှိနေသည်ဟု ပြောထားသည်။ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာနိုင်ငံတွင်း၌ အလုပ်အကိုင် အခွင့်အလမ်း များစွာရှိသည်ဟု ဆိုထား သော်လည်း ပြည်တွင်းမှ အဆက်မပြတ် ခိုးထွက်နေသော အလုပ်သမားများမှာ များစွာရှိနေဆဲပင် ဖြစ်သည်။